စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ
၁။ မည်သူမဆို ရွေးကောက်ပွဲများတွင် ပုဂ္ဂိုလ်တစ်ဦး၏ ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်တို့ကို ကျင့်သုံးခြင်းမပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်း။ (သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၇)
၂။ | မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခြင်း သို့မဟုတ် ကျူးလွန်ရန် အားပေးကူညီခြင်း - | |
(က) |
ကော်မရှင် သို့မဟုတ် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သော ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း ပျက်ပြားစေရန် တစ်နည်းနည်းဖြင့် ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း သို့မဟုတ် အခြားနည်းဖြင့် အားထုတ်ကြိုးပမ်းခြင်း၊ |
|
(ခ) |
လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဦးအပေါ် အခွင့်အရေးတစ်ရပ်ရပ်ရရှိစေရန် သို့မဟုတ် ဆုံးရှုံးစေရန် ကော်မရှင် သို့မဟုတ် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် အားထုတ်ကြိုးပမ်းခြင်း၊ |
|
(ဂ) |
နည်းဥပဒေများပါ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ |
|
(ဃ) |
ရွေးကောက်မှုဆိုင်ရာအခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်သော်လည်းကောင်း၊ ယင်းအခွင့်အရေးကို ရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့်သော်လည်းကောင်း ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး၊ အလုပ်အကိုင် နေရာပြောင်းရွှေ့မှု သို့မဟုတ် အခြားအခွင့်အရေးတစ်ခုခုကို အသုံးပြုလျက် လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်း၊ |
|
(င) |
ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို လွတ်လပ်စွာမကျင့်သုံးနိုင်စေရန် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦးကိုသော်လည်းကောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးဦးကိုသော်လည်းကောင်း ခြိမ်းခြောက်ခြင်း၊ |
|
(စ) |
လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲပေးရန်သော်လည်းကောင်း၊ ဆန္ဒမဲမပေးရန်သော်လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်း သို့မဟုတ် ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်း။ (သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈) |
|
၃။ | မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခြင်း သို့မဟုတ် ကျူးလွန်ရန် အားပေးကူညီခြင်း - | |
(က) |
ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲများက ထုတ်ပြန်ထားသော စာရင်း၊ အကြောင်းကြားစာ သို့မဟုတ် ရွေးကောက်ပွဲဆိုင်ရာ အခြားစာရွက်စာတမ်းများကို တမင်ကြံရွယ်ချက်ဖြင့် ဖျက်ဆီးခြင်း သို့မဟုတ် ဖတ်ရှု၍ မရစေရန် ပြုလုပ်ခြင်း၊ |
|
(ခ) |
မဲစာရင်းကိုသော်လည်းကောင်း၊ ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲ လက်မှတ်ကိုသော်လည်းကောင်း၊ ယင်းတို့ကိုပေးပို့ရာတွင်အသုံးပြုသော စာအိတ် သို့မဟုတ် အထုပ်ကိုသော်လည်းကောင်း တမင်ကြံရွယ်ချက်ဖြင့် ဖျက်ဆီးခြင်း သို့မဟုတ် ယင်းတို့တွင် ရေးသွင်းထားချက်များကို ဖတ်ရှု၍မရစေရန် ပြုလုပ်ခြင်း၊ |
|
(ဂ) |
ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်ကို မသမာသောနည်းဖြင့် အခြားသူတစ်ဦးအားပေးခြင်း၊ |
|
(ဃ) |
ဆန္ဒမဲလက်မှတ်မှအပ အခြားပစ္စည်းတစ်ခုခုကို မဲပုံးအတွင်းသို့ ထည့်သွင်းခြင်း၊ |
|
(င) |
အသုံးပြုဆဲဖြစ်သော မဲပုံးကို အခွင့်အာဏာမရရှိဘဲ ဖွင့်လှစ်ခြင်း သို့မဟုတ် ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်ကို ဖျက်ဆီးခြင်း၊ |
|
(ဆ) |
ရွေးကောက်ပွဲတစ်ခုခုတွင် မိမိဆန္ဒမဲပေးပိုင်ခွင့်ရှိသော လွှတ်တော်မဲဆန္ဒနယ်အတွက် တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခြင်း၊ |
|
(ဇ) |
သူတစ်ပါးအယောင်ဆောင်၍ ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်ကို လာရောက်တောင်းဆိုခြင်း သို့မဟုတ် ဆန္ဒမဲပေးခြင်း၊ |
|
(စျ) |
ရွေးကောက်ပွဲကျင်းပနေစဉ် မဲရုံအတွင်းသို့ ဝင်ခွင့်မရှိဘဲ ဝင်ရောက်ခြင်း၊ |
|
(ည) |
အတုပြုလုပ်ထားသော ဆန္ဒမဲလက်မှတ် တစ်ခုခုကိုဖြစ်စေ၊ အများကိုဖြစ်စေ မဲပုံးအတွင်းသို့ ထည့်သွင်းခြင်း။ (သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉) |
၄။ မည်သူမဆို ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးဦးအား ဆန္ဒမဲပေးခြင်း မပြုနိုင်စေရန် နှောင့်ယှက်ခြင်း သို့မဟုတ် နှောင့်ယှက်ရန် အားပေးကူညီခြင်း။ (သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၀)
၅။ |
မည်သူမဆို ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံအတွင်း၌ဖြစ်စေ၊ မဲရုံမှ ကိုက် ၅ဝဝ အကွာအတွင်း၌ဖြစ်စေ အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခြင်း - |
||
(က) | မဲဆွယ်ခြင်း၊ | ||
(ခ) | မဲဆန္ဒရှင်တစ်ဦးဦးအား လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦးကို ဆန္ဒမဲပေးရန် တောင်းဆိုခြင်း သို့မဟုတ် ဆန္ဒမဲမပေးရန် တိုက်တွန်းသွေးဆောင်ခြင်း၊ | ||
(ဂ) | ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရန်သော်လည်းကောင်း၊ ဆန္ဒမဲမပေးဘဲနေရန်သော်လည်းကောင်း တိုက်တွန်းသွေးဆောင်ခြင်း။ | ||
ရှင်းလင်းချက်။ |
ဤပုဒ်မပါကိစ္စအလို့ငှာ အခြားနေရာများတွင် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ကြော်ငြာ၊ စာရွက် စာတမ်း စသည်တို့ ကပ်ထားခြင်းနှင့် ချိတ်ဆွဲထားခြင်းတို့ မပါဝင်။ (သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၁) |
၆။ မည်သူမဆို ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ဆန္ဒမဲပေးရန်လာရောက်သူများ စိတ်ငြို ငြင်စေရန် သို့မဟုတ် မဲရုံတွင်တာဝန်ကျသော မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ဝတ္တရားဆောင်ရွက်ခြင်းကို အနှောင့်အယှက်ဖြစ်စေရန် မဲရုံအတွင်း၌ဖြစ်စေ၊ မဲရုံမှ ကိုက် ၅ဝဝ အတွင်း၌ဖြစ်စေ အသံချဲ့စက် အစရှိသော အသံကို ကျယ်အောင်ပြုလုပ်သည့် ကိရိယာတန်ဆာပလာသုံးစွဲခြင်း၊ အော်ဟစ်ခြင်း အစရှိသော စည်းကမ်းမဲ့သည့် အပြုအမူကိုပြုလုပ်ခြင်း။ (သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၂)
၇။ မည်သူမဆို မဲရုံတွင် ဆန္ဒမဲပေးရန် သတ်မှတ်ထားသော အချိန်နာရီအတွင်း မဲရုံ၌ မဖွယ်မရာသောအမှုကိုပြုခြင်း သို့မဟုတ် မဲရုံမှူးက မိမိ၏တာဝန် ဝတ္တရားအရပေးသည့်အမိန့်ကို မနာခံခြင်းကြောင့် မဲရုံမှူး သို့မဟုတ် မဲရုံမှူး၏ အခွင့်အာဏာရ မဲရုံအဖွဲ့ဝင်တစ်ဦး၏အမိန့်အရ တာဝန်ကျရဲတပ်ဖွဲ့ဝင် သို့မဟုတ် အခြားလုံခြုံရေးတာဝန်ရှိသူက မဲရုံမှဖယ်ရှားခံရပြီးနောက် မဲရုံမှူး၏ ခွင့်ပြုချက်မရရှိဘဲ မဲရုံသို့ပြန်ဝင်လာခြင်း။ (သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၃)
၈။ | (က) | မည်သူမဆို ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့်စပ်လျဉ်း၍ လိမ်လည်စွပ်စွဲ တိုင်တန်းခြင်း၊ |
(ခ) | မည်သူမဆို အီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးရာတွင် မဲပေးချက်ဖော်ပြသည့်စက်မှ ပြသသည့်ဆန္ဒမဲဖြတ်ပိုင်းတွင် မိမိမဲပေးထားသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်နှင့် သင်္ကေတအမှတ်အသားမဟုတ်ဘဲ အခြားလွှတ်တော်ကိုယ်စားလှယ်လောင်းအမည်နှင့် သင်္ကေတအမှတ်အသားကို မှားယွင်းဖော်ပြသည်ဟု မမှန်မကန်တိုင်တန်းခြင်း၊ | |
(ဂ) |
မည်သူမဆို ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန်ဖြစ်စေ၊ ရွေးကောက်ပွဲပျက်ပြားစေရန်ဖြစ်စေ စုဝေးဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပိုစတာများအသုံးပြုခြင်း သို့မဟုတ် အခြားနည်းဖြင့် အားထုတ်ကြိုးပမ်းခြင်းကို ကျူးလွန်ခြင်း သို့မဟုတ် ကျူးလွန်ရန်အားပေး ကူညီခြင်း၊ အီလက်ထရောနစ်မဲပေးစက်ကို တစ်နည်းနည်းဖြင့် ဖျက်ဆီးခြင်း သို့မဟုတ် ပျက်စီးအောင်ပြုလုပ်ခြင်း သို့မဟုတ် ယူဆောင်သွားခြင်းပြစ်မှုကို ကျူးလွန်ခြင်း။ (သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၄) |
ချမှတ်နိုင်သောပြစ်ဒဏ်
၉။ ပုဒ်မ ၅၇ မှ ပုဒ်မ ၆၃ ပါ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူသည် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါသည်။
၁၀။ ပုဒ်မ ၆၄ ပါ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရသူသည် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါသည်။
တိုင်တန်းနိုင်သူ၊ တိုင်တန်းရမည့်ကာလနှင့် နေရာ
၁၁။ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ တစ်ဦးဦးကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ရွေးကောက်ပွဲကိုယ်စား လှယ် တစ်ဦးဦးကဖြစ်စေ၊ မဲဆန္ဒနယ်အတွက် တာဝန်ယူဆောင်ရွက်ရသော ကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် မဲရုံအဖွဲ့တစ်ခုခုတွင် ပါဝင်သော အဖွဲ့ဝင်တစ်ဦးဦးကဖြစ်စေ သက်သေအထောက် အထားခိုင်လုံစွာဖြင့် ရွေးကောက်ပွဲမကျင်းပမီသော်လည်းကောင်း၊ ရွေးကောက်ပွဲကျင်းပနေစဉ်သော် လည်းကောင်း၊ ရွေးကောက်ပွဲကျင်းပသောနေ့မှ ၁၅ ရက်အတွင်းသော်လည်းကောင်း သက်ဆိုင်ရာ ရဲစခန်းတွင် ဥပဒေနှင့်အညီ တိုင်တန်းလျှောက်ထားနိုင်သည်။ {သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၅ (ခ)}
အထွေထွေ
၁၂။ အပိုဒ် ၁၁ ပါ ကာလစည်းကမ်းကျော်လွန်သော်လည်း ပုဒ်မ ၅၃ အရ ကော်မရှင် ကလည်းကောင်း၊ ကော်မရှင်၏တာဝန်ပေးချက်အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကလည်းကောင်း စုံစမ်းစစ်ဆေးပေါ်ပေါက်သည့် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များအခန်းပါ ပြဋ္ဌာန်းချက်များအတိုင်း အရေးယူဆောင်ရွက်နိုင်ပါသည်။ {သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၅ (ဂ)}