စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူ
၁။ အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသော နိုင်ငံသားများသည် အမျိုးသား၊ အမျိုးသမီး မရွေး၊ ဘာသာမရွေး ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည် -
(က) | ရွေးကောက်တင်မြှောက်ခံနိုင်ရေးအတွက် အမည်စာရင်းတင်သွင်းလွှာတင်သွင်းချိန်တွင် - | ||
(၁) | ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်လိုသူတစ်ဦးသည် အသက် ၂၅ နှစ်ပြည့်ပြီးသူ၊ အမျိုးသား လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်လိုသူတစ်ဦးသည် အသက် ၃၀ နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သူ၊ | ||
|
(၂) |
လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည့်အချိန်နှင့် တစ်ဆက်တည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် အနည်း ဆုံး ၁ဝ နှစ် အခြေချနေထိုင်ခဲ့သူ၊ |
|
ခြွင်းချက်။ |
နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့်ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းရေတွက်ရမည်။ |
||
(၃) | သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတွင် ပါဝင်သူ။ | ||
(ခ) | နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူ၊ | ||
(ဂ) | ခြေခံပညာအထက်တန်းဆင့် ပြီးမြောက်သူ၊ | ||
ရှင်းလင်းချက်။ | အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်သူဆိုသည်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခြင်းမရှိသော်လည်း အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်အားလုံးကို သင်ယူပြီးမြောက်ခဲ့သူကိုဆိုသည်။ | ||
(ဃ) | နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန်တာဝန်များ ကင်းရှင်းသူ။ | ||
(င) | သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေတွင် သတ်မှတ်ထားသည့်အရည်အချင်းများနှင့်ပြည့်စုံသူ။ (သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈) |
၂။ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူတစ်ဦးသည် တစ်သီးပုဂ္ဂလအဖြစ်ဖြင့်ဖြစ်စေ၊ နိုင်ငံရေးပါတီတစ်ခုခုကို ကိုယ်စားပြု၍ဖြစ်စေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။ (သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၉)
ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိသူ
၃။ |
(က) |
ထောင်ဒဏ်ကျခံနေရသူ၊ |
||
(ခ) |
ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီကဖြစ်စေ၊ အာဏာတည်ပြီးမှဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်အရည်အချင်း ပျက်ယွင်းစေသောပြစ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းကြောင့် သို့မဟုတ် ရွေးကောက်ပွဲဆိုင်ရာတရားမဲ့ပြုကျင့်မှု ကျူးလွန်ခြင်းကြောင့် သို့မဟုတ် ရွေးကောက်ပွဲဆိုင်ရာဥပဒေနှင့်အညီ ဆောင်ရွက်ရန်ပျက်ကွက်ခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်ထားသည့် ကာလ ကုန်ဆုံးခြင်းမရှိသေးသူ၊ |
|||
(ဂ) | စိတ်ပေါ့သွပ်သည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခြင်းခံရသူ၊ | |||
(ဃ) | လူမွဲအဖြစ် သက်ဆိုင်ရာ တရားရုံး၏ ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့် မရသေးသူ၊ | |||
(င) |
မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးသော မိဘတစ်ပါးပါးမှဖြစ်စေ၊ နှစ်ပါးလုံးမှ ဖြစ်စေ မွေးဖွားသည့်နိုင်ငံသား၊ |
|||
(စ) |
နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်ရိုသေသူ၊ နိုင်ငံခြား အစိုးရ၏ သြဇာခံယူသူ၊ နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူ၊ |
|||
(ဆ) |
နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသောအခွင့်အရေးများ သို့မဟုတ် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ၊ |
|||
(ဇ) |
နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ အထောက်အပံ့ရယူသုံးစွဲသူ သို့မဟုတ် ယင်းသို့ အထောက်အပံ့ရယူသုံးစွဲသည့် အဖွဲ့အစည်းဝင်ဖြစ်သူ၊ |
|||
(စျ) |
နိုင်ငံရေးကိစ္စအတွက် ဘာသာရေးကိုအကြောင်းပြ၍ ဆန္ဒမဲပေးရန်သော်လည်းကောင်း၊ ဆန္ဒမဲမပေးရန်သော်လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်းနှင့် ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်းပြုသူ သို့မဟုတ် ယင်းသို့ ပြုလုပ်သည့် အဖွဲ့အစည်းဝင်ဖြစ်သူ၊ |
|||
(ည) |
သာသနာ့ဝန်ထမ်း၊ |
|||
(ဋ) |
နိုင်ငံ့ဝန်ထမ်း၊ ခြွင်းချက်။ ယင်းစကားရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသော လွှတ်တော်များတွင် ရွေးချယ်ခန့်အပ်ခြင်းခံရသည့် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ လွှတ်တော်များရှိ အဖွဲ့အစည်းများတွင် ရွေးချယ်ခန့်အပ်ခြင်း ခံရသည့် နိုင်ငံ့ဝန်ထမ်းများနှင့်လည်းကောင်း မသက်ဆိုင်စေရ။ |
|||
(ဌ) |
နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ရယူသုံးစွဲသူ သို့မဟုတ် ယင်းသို့ရယူသုံးစွဲသည့် အဖွဲ့အစည်းဝင်ဖြစ်သူ၊ |
|||
ခြွင်းချက်။ | (၁) | နိုင်ငံတော်ပိုင်ငွေကြေးဟူသော စကားရပ်တွင် အငြိမ်းစား လစာ၊ စရိတ်၊ ငွေကြေးသော်လည်းကောင်း၊ နိုင်ငံတော် အကျိုးအတွက် ဆောင်ရွက်သဖြင့် နိုင်ငံတော်က တရားဝင်ထောက်ပံ့ချီးမြှင့်ထားသော လစာ၊ စရိတ်၊ ငွေကြေးသော်လည်းကောင်း မပါဝင်၊ | ||
(၂) |
နိုင်ငံတော်ပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း ဟူသော စကားရပ်တွင် ဥပဒေတစ်ရပ်ရပ်အရသော် လည်းကောင်း၊ တာဝန်အရသော်လည်းကောင်း နိုင်ငံ တော်က သုံးစွဲခွင့်ပြုထားသော သို့မဟုတ် နိုင်ငံတော်ထံမှ အခကြေးငွေဖြင့် ငှားရမ်းသုံးစွဲသော နိုင်ငံတော်ပိုင်မြေ၊ အိမ်၊ အဆောက်အအုံနှင့် အခန်းများ၊ အခြားအဆောက် အအုံနှင့် အခန်းများ၊ နိုင်ငံတော်ပိုင် လေယာဉ်၊ ရထား၊ သင်္ဘော၊ မော်တော်ယာဉ်၊ ပစ္စည်းစသည်တို့ မပါဝင်။ |
|||
(ဍ) | ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူ၊ | |||
(ဎ) |
တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံထားရသော အဖွဲ့အစည်း၊ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်းကျန်းသူအဖွဲ့အစည်းများ သို့မဟုတ် ယင်းအဖွဲ့အစည်း ဝင်များနှင့် ဆက်သွယ်ကြောင်း ခိုင်လုံသောအထောက်အထားရှိသူ။ (သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀) |