စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၇၈ / ၂၀၁၉ )
၁၃၈၁ ခုနှစ် ၊ ကဆုန်လပြည့်ကျော် ၅ ရက်
( ၂၀၁၉ ခုနှစ် ၊ မေလ ၂၃ ရက် )
ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီကို ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ [Shan-ni Solidarity Party(SSP)] အမည်သို့ ပြောင်းလဲခွင့်ပြုခြင်း
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဉပဒေ ပုဒ်မ ၉ အရ မှတ်ပုံတင်အမှတ် (၈၄)ဖြင့် မှတ်ပုံတင်ထားပြီးဖြစ်သည့် ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ သည် ယင်းပါတီ၏အမည်ကို ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ [Shan-ni Solidarity Party(SSP)] အမည်သို့ ပြောင်းလဲအသုံးပြု လိုကြောင်း ဤကော်မရှင်သို့ တင်ပြလာပါသည်။
၂။ ယင်းပါတီ၏ တင်ပြချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဉပဒေနှင့်အညီ စိစစ်ပြီး ပါတီ၏အမည်ကို ပြောင်းလဲခွင့်ပြုရန် သဘောတူပါသဖြင့် ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ ကို ၂၃-၅-၂၀၁၉ ရက်နေ့မှစ၍ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ [Shan-ni Solidarity Party(SSP)] အမည်ဖြင့် ပြောင်းလဲသတ်မှတ်ကြောင်း ကြေညာလိုက်သည်။
( လှသိန်း )
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်