ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခြင်း


22 August 2019 : 01:12:58

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၁၆၁ / ၂၀၁၉ )

၁၃၈၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော်  ၅  ရက်

( ၂၀၁၉  ခုနှစ် ၊ ဩဂုတ်လ   ၂၀  ရက် )

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍

ပါတီအား ဖျက်သိမ်းခြင်း

၁။           ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဟာမိတ်တောင်သူလယ်သမားပါတီကို မှတ်ပုံတင်အမှတ် (၉၂) ဖြင့် ၂-၇-၂၀၁၅ရက်စွဲပါ ကြေညာချက်အမှတ် (၂၇/၂၀၁၅)ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပါသည်။

၂။            မဟာမိတ်တောင်သူလယ်သမားပါတီ အား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ၉-၁-၂၀၁၉ ရက်နေ့မှစ၍ ၈-၇-၂၀၁၉ ရက်နေ့အထိ (၆)လ ယာယီရပ်ဆိုင်း၍ ပါတီတွင်း ပြဿနာများ ပြေလည်သည်အထိ ဖြေရှင်းဆောင်ရွက်ရန် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၄ (ဂ) နှင့်အညီ ညွှန်ကြားခဲ့ပါသည်။ သို့ရာတွင် ရပ်ဆိုင်းထားသည့်ကာလ ကုန်ဆုံးသည်အထိ ပါတီတွင်း ပြဿနာများ ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ခြင်းမရှိသည့်ပြင် ပါတီဖွဲ့စည်းပုံ စည်းမျဉ်းနှင့်အညီ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ခြင်းတို့ကို ကော်မရှင်က ညွှန်ကြားသည့်အတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ၁၆-၈-၂၀၁၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေးအမှတ်စဉ် (၂၆/၂၀၁၉) တွင် ဆွေးနွေးခဲ့ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၄ (င) နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပါသည်။

၃။           သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် မဟာမိတ်တောင်သူလယ်သမားပါတီကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ယင်းပါတီကို ဖျက်သိမ်းလိုက်သည်။

                                                                   

 

( လှသိန်း )

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


ရှေ့သို့