ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၂ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့် မြို့နယ်များ သတ်မှတ်ကြေညာခြင်း


29 October 2025 : 09:46:17

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၁၄၁ / ၂၀၂၅ )

၁၃၈၇  ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈  ရက်

(၂၀၂၅ ခုနှစ်၊ အောက်တိုဘာ လ  ၂၈  ရက်)

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၂ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့် မြို့နယ်များ သတ်မှတ်ကြေညာခြင်း

၁။            ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၁ ) တွင် ပါဝင်သည့် မြို့နယ် ( ၁၀၂ ) မြို့နယ်ကို ၂၀၂၅  ခုနှစ်၊ ဩဂုတ် လ ၂၀ ရက်နေ့တွင် ကြေညာချက်အမှတ် (၅၆/၂၀၂၅) ဖြင့် သတ်မှတ်ကြေညာခဲ့ပြီး ဖြစ်ပါသည်။

၂။            ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၂ ) ကို ၁၃၈၇ ခုနှစ်၊ ပြာသို လပြည့်ကျော် ၉ ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် ) တနင်္ဂနွေနေ့ တွင် ကျင်းပမည် ဖြစ်ပြီး ပါဝင်သည့် မြို့နယ် ( ၁၀၀ ) မြို့နယ်အား တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပူးတွဲပါ ဇယားအတိုင်း သတ်မှတ်ကြေညာလိုက်သည်။

ပူးတွဲ။       အပိုင်း ( ၂ ) တွင်ပါဝင်သည့် မြို့နယ်များစာရင်း

 

 

( ပုံ ) သန်းစိုး

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

 

 

 

 


ရှေ့သို့