ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခြင်း


14 June 2019 : 02:51:43

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၈၈ / ၂၀၁၉ )

၁၃၈၁ ခုနှစ်၊ နယုန်လဆန်း   ၁၁    ရက်

( ၂၀၁၉  ခုနှစ် ၊ ဇွန်လ  ၁၃   ရက် )

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍

ပါတီအား ဖျက်သိမ်းခြင်း

၁။     ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရခိုင်မျိုးချစ်ပါတီ ကို မှတ်ပုံတင်အမှတ် (၉၇) ဖြင့် ၁၅-၇-၂၀၁၅ ရက်စွဲပါ ကြေညာချက်အမှတ် (၃၆/၂၀၁၅)ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုခဲ့ပါသည်။

၂။    ရခိုင်မျိုးချစ်ပါတီ၏ ၇-၅-၂၀၁၉ ရက်စွဲပါစာအမှတ်၊ မခ/ ပတ (၀၀၃) စီမံ/၂၀၁၉ ဖြင့် နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခွင့်ပြုပါရန် တင်ပြချက်နှင့်စပ်လျဉ်း၍ ၁၂-၆-၂၀၁၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေး အမှတ်စဉ် (၂၀/၂၀၁၉)တွင် တင်ပြဆွေးနွေးခဲ့ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၉ (က) နှင့်အညီ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပါသည်။

၃။   သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ထားသည့် ရခိုင်မျိုးချစ်ပါတီ ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းလိုက်သည်။

 

 

                                                                  

( လှသိန်း )

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


ရှေ့သို့