စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
နေပြည်တော် ဩဂုတ် ၁၅
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်အတွင်း ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ လွှတ်တော်မဲဆန္ဒနယ်များအဖြစ် ကြေညာချက်အမှတ် ( ၅၀ /၂၀၂၅ ) ဖြင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များကိုလည်းကောင်း၊ ကြေညာချက်အမှတ် ( ၅၁ /၂၀၂၅ ) ဖြင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များကိုလည်းကောင်း၊ ကြေညာချက်အမှတ် ( ၅၂/၂၀၂၅ ) ဖြင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များကိုလည်းကောင်း၊ ကြေညာချက်အမှတ် ( ၅၃ /၂၀၂၅ ) ဖြင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များကိုလည်းကောင်း ၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက်၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် ရက်စွဲဖြင့် သတ်မှတ်ထုတ်ပြန်ခဲ့ပါသည်။
၂။ အဆိုပါသတ်မှတ်ထုတ်ပြန်ချက်များအရ ယခုနှစ်အတွင်း ကျင်းပမည့် လွှတ်တော်အသီးသီး အတွက် မဲဆန္ဒနယ်များမှာ မဲအများဆုံးရသူအနိုင်ယူစနစ် ( FPTP ) ဖြင့်ကျင်းပမည့် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ၃၃၀ နယ်၊ ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP) ဖြင့် ကျင်းပမည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် မဲအများဆုံးရသူအနိုင်ယူစနစ်( FPTP ) မဲဆန္ဒနယ် ၈၄ နယ်၊ အချိုးကျကိုယ်စားပြုစနစ်( PR ) မဲဆန္ဒနယ် ၂၆ နယ်၊ စုစုပေါင်းမဲဆန္ဒနယ် ၁၁၀ နယ်၊ ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP) ဖြင့် ကျင်းပမည့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် မဲအများဆုံးရသူ အနိုင်ယူစနစ် ( FPTP ) မဲဆန္ဒနယ် ၃၂၂ နယ်နှင့် အချိုးကျကိုယ်စားပြုစနစ် ( PR ) မဲဆန္ဒနယ် ၄၂ နယ်၊ စုစုပေါင်း မဲဆန္ဒနယ် ၃၆၄ နယ်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ် ဖြစ်ကြောင်း သိရသည်။
၃။ ယင်းမဲဆန္ဒနယ်မြေ သတ်မှတ်ထုတ်ပြန်ချက်များနှင့် လွှတ်တော်အလိုက်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်းအသေးစိတ်ကို နေ့စဉ်ထုတ်သတင်းစာများတွင် ထည့်သွင်းဖော်ပြပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး Website ဖြစ်သည့် www.uec.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်