ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခြင်း


21 February 2020 : 04:28:11

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၅၆ / ၂၀၂၀ )

၁၃၈၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော်    ၁၂   ရက်

( ၂၀၂၀  ပြည့်နှစ် ၊ ဖေဖော်ဝါရီလ   ၂၀  ရက် )

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍

ပါတီအား ဖျက်သိမ်းခြင်း

၁။           ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရှမ်းပြည်နယ်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ကို မှတ်ပုံတင်အမှတ် (၉၁)၊ ၂-၇-၂၀၁၅ ရက်စွဲပါ ကြေညာချက်အမှတ် (၂၆/၂၀၁၅) ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပါသည်။

၂။            ရှမ်းပြည်နယ်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ၏ ၉-၁-၂၀၂၀ ရက်စွဲပါ စာအမှတ်၊ ၀၀၁ / က - ၂ / ၂၀၂၀ ဖြင့် နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခွင့်ပြုပါရန် တင်ပြချက်နှင့် စပ်လျဉ်း၍ ၂၀-၂-၂၀၂၀ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၀)တွင် တင်ပြဆွေးနွေးခဲ့ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၉ (က) နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပါသည်။

၃။           သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ထားသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းလိုက်သည်။

 

                                                                  

( လှသိန်း )

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


ရှေ့သို့