စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၁၇၀ / ၂၀၂၅ )
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက်
(၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၂၅ ရက်)
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၃ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့် မြို့နယ်များ သတ်မှတ်ကြေညာခြင်း
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၁ ) တွင် ပါဝင်သည့် မြို့နယ် ( ၁၀၂ ) မြို့နယ်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ် လ ၂၀ ရက်နေ့တွင် ကြေညာချက်အမှတ် (၅၆/၂၀၂၅) ဖြင့်လည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း ( ၂ ) တွင် ပါဝင်သည့် မြို့နယ် ( ၁၀၀ ) မြို့နယ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၄၁/၂၀၂၅) ဖြင့်လည်းကောင်း သတ်မှတ်ကြေညာခဲ့ပြီး ဖြစ်ပါသည်။
၂။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၃ ) ကို ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ) တနင်္ဂနွေနေ့ တွင် ကျင်းပမည် ဖြစ်ပြီး ပါဝင်သည့် မြို့နယ် ( ၆၃ ) မြို့နယ်အား တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပူးတွဲပါ ဇယားအတိုင်း သတ်မှတ်ကြေညာလိုက်သည်။
ပူးတွဲ။ အပိုင်း ( ၃ ) တွင်ပါဝင်သည့် မြို့နယ်များစာရင်း
( ပုံ ) သန်းစိုး
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်