စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်
၁။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်စတင်၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လေ့လာလိုသည့် ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် လေ့လာလိုသည့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ကို ယနေ့မှစတင်ကာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့အထိ လျှောက်ထားနိုင်ပါသည်။
၂။ လွှတ်တော်ရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရာတွင် ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများလိုက်နာရမည့်ကျင့်ဝတ်ကို အမိန့်ကြော်ငြာစာအမှတ် (၆၈/၂၀၂၅) ဖြင့်လည်းကောင်း၊ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အမိန့်ကြော်ငြာစာအမှတ် (၆၉/၂၀၂၅) ဖြင့်လည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၁၆ - ၉ - ၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါ အမိန့်ကြော်ငြာစာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ Official Website ဖြစ်သည့် https://www.uec. gov.mm တွင် ဝင်ရောက်ကြည့်ရှု၍ Download ရယူနိုင်ပါသည်။
၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် သက်ဆိုင်ရာနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှကိုယ်စားလှယ်များကို တိုက်ရိုက်ဖိတ်ကြားစာပေးပို့၍သော်လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် သံတမန်ဆက်သွယ်မှုပြုထားသည့် နိုင်ငံခြားသံရုံးများ၊ ကောင်စစ်ဝန်ရုံးများနှင့် အမြဲတမ်းကိုယ်စားလှယ်ရုံးများမှ ကိုယ်စားလှယ်များကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဖိတ်ကြား၍သော်လည်းကောင်း နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာ သူများအဖြစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခွင့်ပြုသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်