ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးကြေညာချက်


08 October 2020 : 07:57:29

၁။           ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်များ၏ တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ဖြည့်စွက်မှုများအရ  ထပ်မံစိစစ်ပြုစုထားသည့်  မဲဆန္ဒရှင်စာရင်းများကို  ၁-၁၀-၂၀၂၀ ရက်နေ့မှ ၁၄-၁၀-၂၀၂၀ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအတွင်းရှိ ကျေးရွာများတွင် နောက်ဆုံးအကြိမ် (နောက်ဆုံးအကြိမ်) အဖြစ် ၁၄ ရက်ကြာ ထပ်မံကပ်ထား ကြေညာလျက်ရှိပါသည်။

၂။            ကိုဗစ်-၁၉ ‌ရောဂါကူးစက်မှု ထိန်းချုပ်နိုင်စေရေးအတွက် ပြည်သူများအား နေအိမ်တွင်သာ နေထိုင်စေရေးနှင့် အကြောင်းတစ်စုံတစ်ရာမရှိဘဲ နေအိမ်မှထွက်ခွာသွားလာမှုများအား တားမြစ်ထားသည့် ကာလလည်းဖြစ်ပါသည်။

၃။          သို့ဖြစ်ပါ၍ အချိန်ကာလ/နေရာဒေသအလိုက် ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် အခက်အခဲရှိသော မဲဆန္ဒရှင်များအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၄-၉-၂၀၂၀ ရက်နေ့အထိ ပြုစုထားသော မဲဆန္ဒရှင်စာရင်းများကို ထည့်သွင်းထားသည့် Web Application ဖြစ်သော findyourpollingstation.uec.gov.mm တွင် မဲစာရင်းကို ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်ကြောင်းနှင့် Mobile application ဖြစ်သည့် findyourpollingstation.apk ကို Google Play Store တွင် Download ရယူပြီး မိမိတို့၏ အမည် မဲစာရင်းတွင် ပါ/မပါ စစ်ဆေးနိုင်ရန်ကိုလည်း စီစဉ်ဆောင်ရွက်ပေးထားပြီးဖြစ်ပါသည်။

၄။      သို့ရာတွင် မဲဆန္ဒရှင်များအနေဖြင့် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးရှာဖွေရာတွင် ဝင်ရောက်ကြည့်ရှုရှာဖွေသူများပြားသဖြင့် ကြန့်ကြာမှုများကြုံတွေ့နေကြရကြောင်း သိရှိရသည့်အတွက် ယခုအခါပိုမိုလွယ်ကူအဆင်ပြေစေရန်ရည်ရွယ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုချင်းစီအလိုက် ပြုစုထားသော မဲဆန္ဒရှင်စာရင်းများကို ထည့်သွင်းထားသည့် အောက်ဖော်ပြပါ Web Application များတွင် ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားပြီး ဖြစ်ပါသည်-

 

( က )

ကချင်ပြည်နယ်

http://bit.ly/kachin-voters

 

(  ခ  )

ကယားပြည်နယ်

http://bit.ly/kayah-voters

 

(  ဂ  )

ကရင်ပြည်နယ်        

http://bit.ly/kayin-voters

 

( ဃ )

ချင်းပြည်နယ်

http://bit.ly/chin-voters

 

(  င  )

စစ်ကိုင်းတိုင်းဒေသကြီး

http://bit.ly/sagaing-voters

 

(  စ  )

တနင်္သာရီတိုင်းဒေသကြီး

http://bit.ly/tanintharyi-voters

 

( ဆ )

ပဲခူးတိုင်းဒေသကြီး

http://bit.ly/bago-voters

 

(  ဇ  )

မကွေးတိုင်းဒေသကြီး

http://bit.ly/magway-voters

 

(  ဈ  )

မန္တလေးတိုင်းဒေသကြီး        

http://bit.ly/mandalay-voters

 

(  ည )

မွန်ပြည်နယ်  

http://bit.ly/mon-voters

 

(  ဋ  )

ရခိုင်ပြည်နယ်

http://bit.ly/rakhine-voters

 

(  ဌ  )

ရန်ကုန်တိုင်းဒေသကြီး         

http://bit.ly/yangon-voters

 

(  ဍ  )

ရှမ်းပြည်နယ်  

http://bit.ly/shan-voters

 

(  ဎ  )

ဧရာဝတီတိုင်းဒေသကြီး

http://bit.ly/ayarwaddy-voters

 

( ဏ )

ပြည်ထောင်စုနယ်မြေ

http://bit.ly/naypyitaw-voters

၅။           Web Application အသုံးပြု၍ မဲစာရင်းရှာဖွေခြင်း ရှင်းလင်းချက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် Web application နှင့် UEC Facebook စာမျက်နှာတို့တွင် ဖော်ပြပေးထားမည်ဖြစ်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။

   

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

 


ရှေ့သို့