ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် သတင်းမီဒီယာများ၏အခန်းကဏ္ဍ အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲ တက်


20 September 2020 : 10:34:23
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် သတင်းမီဒီယာများ၏အခန်းကဏ္ဍ အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲ တက်

နေပြည်တော် စက်တင်ဘာ ၁၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ပူးပေါင်းကျင်းပ သည့် “၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် သတင်းမီဒီယာများ၏အခန်းကဏ္ဍ” တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် အွန်လိုင်းဖြင့် ပြုလုပ်ကျင်းပခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ- ဦးအုန်းကြိုင်) ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့အစည်း (ယူနက်စကို) မှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာအဖွဲ့ (၁၉) ဖွဲ့မှ သတင်းမီဒီယာသမား (၁၉) ဦး တို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌတို့က အမှာစကား အသီးသီးပြောကြားသည်။ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် သတင်းမီဒီယာဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း ပြောကြားခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် သတင်းမီဒီယာသမားများ၏ မေးမြန်းချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က ပြန်လည်းရှင်းလင်းပြောကြားခဲ့သည်။ အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့ ၁၀:၀၀ မှ ၁၂:၀၀ နာရီအချိန်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 သတင်းစဉ် 


ရှေ့သို့